TSK

TSK · တမန်တော်ဝတ္ထု။ 21:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။

သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။

နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ၊ မိမိ ခြားနား သော ဦးဆံ ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။

အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။

များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။

သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။

ယုဒ ပသခါ ပွဲခံခါနီး တွင် လူ များတို့သည်မိမိ တို့ကိုသန့်ရှင်း စေခြင်းငှာ ပွဲ မ ခံမှီအရပ်ရပ် တို့မှ ယေရုရှလင် မြို့သို့ လာ ကြ၏။

ထိုအခါပေါလု သည် ထိုသူ တို့ကိုခေါ် ၍ နက်ဖြန် နေ့၌ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုပြီးမှ၊ ဗိမာန် တော်သို့ ဝင် ၍ သူ တို့အတွက် အသီးအခြား ပူဇော် သက္ကာပြု ရသောအချိန်တည်းဟူသောစင်ကြယ် ခြင်း ကိုပြုရ သော နေ့ရက် စေ့ မည့်အချိန်ကို ကြားပြော လေ၏။

ယုဒ လူတို့ကိုရ ခြင်းအလိုငှာ ယုဒ လူတို့၌ ယုဒ လူကဲ့သို့ ဖြစ် ၏။ ပညတ် တရားကိုကိုယ်တိုင် မ ဆည်းကပ် သော်လည်း၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့ကို ရ ခြင်းအလိုငှာ ၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့၌ ပညတ် တရားကို ကျင့်သောသူကဲ့သို့ ဖြစ် ၏။

စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏