TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:30

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။

ငါ့ ကျွန် ယာကုပ် ၊ ငါ ရွေးကောက် သောသူ ဣသရေလ အတွက် ၊ ငါသည် သင့် ကို နာမည် ဖြင့် ခေါ် ၏။ သင်သည် ငါ့ ကို မ သိ သော်လည်း ၊ သင် ၌ နာမည်သစ်ကို ထပ်၍ပေး ၏။

မိမိ အိမ် သို့ ပြန် သွား၍ ၊ ထိုအကြောင်း ကို မိမိ အပေါင်း အဘော်ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့အား ကြား ပြော၍၊

တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။

ထိုကာလ ကို ဘုရားသခင် သည် တာရှည် စေလျှင် ၊ အဘယ်သူ မျှမ လွတ် နိုင်ရာ။ ရွေးချယ် တော်မူသော သူ တို့အဘို့ အလိုငှာ ထိုကာလ ကို တို စေတော်မူမည်။”

ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။