TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:48

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

တဖန် ကြည့် ပါ၊ အဲဂုတ္တု ပြည် တပြည်လုံး ကို သင် အုပ်စိုး စေခြင်းငှါ ငါခန့် ထားပြီဟု ယောသပ် အား မိန့် တော်မူလျက်၊

သူတို့သည် ဗာလမ် ထံသို့ ရောက်လာ ၍ ဇိဖေါ် သား ဗာလက် မင်းက၊ ကိုယ်တော်သည် ငါ့ ထံသို့ မလာ မည် အကြောင်းအဘယ်အဆီးအတား မျှ မရှိပါစေနှင့်။

အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် ၍ သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။

ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။

သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။

အိပ်မက် နှင့်အနက် ကို ဘော်ပြ လျှင် ၊ ဆုလပ် သပ်ပကာ၊ ဂုဏ် အသရေများကို ငါပေးမည်။ သို့ဖြစ်၍ ၊ အိပ်မက် နှင့်အနက် ကို ငါ့အားဘော်ပြ ကြဟု၊ ခါလဒဲ ပညာရှိတို့ကို မိန့် တော်မူ၏။

အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ မ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် မ ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။

ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊

ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် ၍ အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍ ၊

သင်သည် အနက် များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေ နိုင် သည်ဟု ငါ ကြား ပြီးအတိုင်း၊ ထိုစာ ကိုဘတ် ၍ အနက် ကိုငါ့ အား ဘော်ပြ နိုင် လျှင် ၊ အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏။

¶ ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊