TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။

သစ္စာ နှုတ်ခမ်း သည် အစဉ် အမြဲတည် ၏။ မုသာ လျှာ မူကား ခဏသာတည် ၏။

ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။

ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊

ဒံယေလ သည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊

ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။

ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။