မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:28
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။
အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။
ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊
ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။
ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ခိုလှုံ သောသူတစုံ တယောက်မျှ အပြစ် စီရင်ခြင်းကို မ ခံရ။
ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
ယာကုပ် အမျိုး၏ ဘုရား သခင်မစ တော်မူသောသူ၊ မိမိ ဘုရား သခင် ထာဝရဘုရား ကို မြော်လင့် သောသူသည် မင်္ဂလာ ရှိ၏။
စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။
ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။
ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
¶ ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။
ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။
¶ ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။
ငါ တို့သည်မိမိ ကိုယ်ကိုအစဉ်မ ကိုးစား ဘဲ၊ သေ သောသူ တို့ကို ထမြောက် စေတော်မူသော ဘုရားသခင် ကို ကိုးစားမည်အကြောင်း သေ စေဟုစီရင် ခြင်းကို ကိုယ်တိုင် ခံရသကဲ့သို့ဖြစ် ၏။
ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။
ကျောက်ခဲ နှင့်ပစ်ခြင်း၊ လွှ နှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်း နှောင့်ရှက်ခြင်း၊ ဓား လက်နက်နှင့် ကွပ်မျက် ခြင်းခံရကြ၏။ အလွန်ဆင်းရဲ လျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ ၊ ဆိတ် ရေ ကို ဝတ်၍ လှည့်လည် ရကြ၏
သူ တို့သည် သိုးသူငယ် ၏ အသွေး အားဖြင့် ၎င်း၊ မိမိ တို့သက်သေခံ ချက်နှုတ်ကပတ် တရားအားဖြင့် အောင်မြင် ၍ ၊ အသေခံ သည်တိုင်အောင် ကိုယ် အသက် ကို မ နှမြော ကြ။