TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:18

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။

¶ ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။

သင် သည် ငယ် သော အရွယ်မှစ၍ ၊ ကြိုးစား အားထုတ်သော နတ် ဝိဇ္ဇာအတတ်နှင့် ၊ ပြုစား သော အတတ်အမျိုးမျိုး တို့ကို အမှီပြု ၍ တည် နေလော့။ အကျိုး ကို ရကောင်းလျှင် ရ လိမ့်မည်။ နိုင်ကောင်းလျှင် နိုင် လိမ့်မည်။

ရှင် ဘုရင်ကလည်း၊ ငါမြင် မက်သော အိပ်မက် ကို ပြန်ပြော၍ အနက် ကို ဘော်ပြ နိုင် သလောဟု၊ ဗေလတရှာဇာ အမည် ရှိသောဒံယေလ ကို မေး တော်မူလျှင်၊

မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့သည် ဝင် ကြလျှင်၊ ငါ မြင်မက်သော အိပ်မက် ကို သူ တို့အား ပြပြော သော်လည်း၊ သူတို့သည် အနက် ကို မ ဘော် မပြနိုင်ကြ။

ထို စာ ကို ဘတ် ၍ အနက် ကို ငါ့ အား ဘော်ပြ စေခြင်းငှါ ဗေဒင် တတ်ပညာရှိ တို့ကို ငါ့ ထံသို့ သွင်း သော်လည်း ၊ သူတို့သည်အနက် ကို မ ဘော် မပြနိုင် ကြ။