ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။
သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။
ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။