TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 6:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဖါရော မင်းက ၊ ဘုရားသခင် ၏ ဝိညာဉ် တော်ကို ရ၍ ဤ ကဲ့သို့ သောသူ ကို အဘယ်မှာ ရှာ ၍ တွေ့မည်နည်း ဟု ကျွန် တော်မျိုးတို့အား မိန့် တော်မူ၏။

ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ၌ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။

အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် ၌ အသရေ ရှိသောသူဖြစ် ပါ၏။

မတရား သောသူသည် ဖြောင့်မတ် သောသူကို ချောင်းမြောင်း ၍ သတ် ခြင်းငှါ ရှာကြံ တတ်၏။

တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့် ၊ ကောင်းမွန် စွာ ပြီးစီးသောအမှု အလုံးစုံ တို့ကို၎င်း၊ ထိုသို့ သော အမှု တို့ကြောင့် သူတပါး ငြူစူ ကြောင်းကို၎င်းငါဆင်ခြင် ၏။ ထို အမှုအရာသည် အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။

အို ထာဝရဘုရား ၊ အကျွန်ုပ် အသက်ကို သတ် ခြင်းငှါ ၊ သူ တို့ ကြံစည် သမျှ ကို ကိုယ်တော် သိ တော်မူ ၏။ သူ တို့ကို အပြစ် မှလွှတ် တော်မ မူပါနှင့်။ မျက်မှောက် တော်၌ သူ တို့အပြစ် ကို ချေ တော်မ မူပါနှင့်။ ရှေ့ တော်၌ ဆုံးရှုံး ကြပါ စေသော။ အမျက် တော်ထွက် သောအခါ၊ သူ တို့ကို စီရင် တော်မူပါ။

ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။

ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ ဤ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၍ ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ၌ ငါမတွေ့ ။

အခွင့် ရလို သောသူ တို့သည် အခွင့် မ ရစေခြင်းငှာ ၎င်း၊ ဝါကြွား ခြင်းအရာ၌ သူတို့သည် ငါ ကဲ့သို့ ထင်ရှားစွာဖြစ် စေခြင်းငှာ ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြု ဦးမည်။

ထိုကြောင့် ၊ အသက် အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ် သင့်ခြင်း၊ သားဘွား ခြင်း၊ အိမ်မှု ကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့ စရာအခွင့် ကို ရန်သူ အား မ ပေး ဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာငါအလိုရှိ ၏။

သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။

ခရစ်တော် ၏ နာမ ကြောင့် ကဲ့ရဲ့ ခြင်းကိုခံရလျှင် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီး သောဝိညာဉ် တော်သည် သင် တို့အပေါ်မှာ ကျိန်းဝပ် တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။