TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။

အို ထာဝရဘုရား ၊ အမျက် တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလ ပတ်လုံးထွက်ပါမည်နည်း။ အဘယ် မျှကာလပတ်လုံး စိတ် တော်သည် မပြေ၊ မီး ကဲ့သို့ လောင် ပါမည်နည်း။

အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။

ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်ကား၊ ငါကြည့်ရှု ၍ မြေကြီး အလယ် ၌ အရပ်မြင့် လှသော သစ်ပင် တပင်ရှိ၏။

သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊

ထိုသူကလည်း စတုတ္ထ သားရဲ သည် မြေကြီး ပေါ် မှာ အခြားသော နိုင်ငံ ရှိသမျှ တို့ထက် ထူးခြား သော စတုတ္ထ နိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီး ရှိသမျှ ကို ကိုက်စား ချိုးဖဲ့ နင်းချေ လိမ့်မည်။

တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

ထိုအခါ ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး စီရပ် နေကြ၏။

နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။

ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။

သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။

ထို့ကြောင့် ပရောဖက် ဒံယေလ ဟော သည်အတိုင်း ဖျက်ဆီး တတ်သောရွံ့ရှာဘွယ် အရာ သည် သန့်ရှင်း သောအရပ် ဌာန၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။

ငါ့ ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ် တော်မူပြီ။ သား တော်ကား အဘယ်သူ ဖြစ် သည်ကို ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ခမည်းတော် ကားအဘယ်သူ ဖြစ် တော်မူသည်ကို၊ သား တော်နှင့် သား တော်သည် လင်း စေလို သောသူ မှတစ်ပါး အဘယ်သူ မျှမသိ ဟု မိန့် တော်မူ၏။

သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။

ငါ တို့အဘ တည်းဟူသောဘုရားသခင် ရှေ့ မှာ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သင် တို့၏ စိတ် နှလုံးကို ကိုယ်တော်သည် သန့်ရှင်း ခြင်းပါရမီ၌ မြဲမြဲ ခိုင်ခံ့စိမ့်သောငှာငါ တို့သည် သင် တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်း ကို၎င်း ၊ သူတစ်ပါးအပေါင်း တို့ကို၎င်း ချစ်၍၊ ချစ် ခြင်းမေတ္တာနှင့် အထူးသဖြင့်ကြွယ်ဝ ပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။

သူတို့ကလည်း ၊ သန့်ရှင်း ဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေ ပေါ်မှာ နေ သော သူ တို့သည် ငါ တို့အသွေး ကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ် မ ပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေ တော်မူမည်နည်းဟုကြီးမား သော အသံ နှင့် ကြွေးကြော် ကြ၏။