အဲဂုတ္တု ပြည်ကထွက်သောနေ့ မှစ၍ ယခု တိုင်အောင် ဤ လူမျိုး ၏အပြစ်ကို လွှတ် တော်မူသည်နည်းတူ ၊ ကရုဏာ တော်များပြား သည်နှင့်အညီ ၊ ယခု လည်း လွှတ် တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:19
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ကျွန် မှစ၍ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
သူ တို့ဆုတောင်း ပဌနာ ပြုသောစကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား သော ကိုယ်တော် လူ တို့၏အပြစ် ကို ဖြေရှင်းတော်မူပါ။
အကျွန်ုပ် တို့သည် ကိုယ်လက္ခဏာ သက်သေများ ကို မ မြင် ရပါ။ ပရောဖက် သည် တဖန် မ ပေါ်မရှိပါ။ အကျွန်ုပ် တို့တွင် ကာလ အပိုင်းအခြားကို သိ သောသူ မ ရှိပါ။
ရှေး ကပြစ်မှားမိသော အပြစ် များကို အကျွန်ုပ် တို့၌ မှတ် တော်မ မူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချ လျက်ရှိပါသည်ဖြစ်၍ ၊ ကရုဏာ တော်သည် အလျင် အမြန်ကူမ ပါစေသော။
အကျွန်ုပ် တို့၌ အစဉ် အမျက် ထွက်တော်မူမည် လော ။ ကာလ အစဉ်အဆက် စိတ် တော်မပြေဘဲ နေတော်မူ မည်လော။
¶ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။
အာဗြဟံ သည် အကျွန်ုပ် တို့ကိုမ သိ ၊ ဣသရေလ သည် လက် မ ခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ ရှေး ကာလမှ စ၍အကျွန်ုပ် တို့ကို ရွေးနှုတ် သော ဘုရားဖြစ်တော်မူ၏။
အိုထာဝရဘုရား ၊ ပြင်းစွာအမျက် ထွက်တော် မ မူပါနှင့်။ ပြစ်မှားမိသော အပြစ် တို့ကို အစဉ် မပြတ်အောက်မေ့ တော်မ မူပါနှင့်။ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့ ရှိသမျှ သည် ကိုယ်တော် ၏ လူ ဖြစ်ကြပါ၏။
မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ မ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
အကြောင်း မူကား၊ ငါ ၏နာမ ဖြင့် သမုတ် သော မြို့ ကို ငါ သည် အပြစ်ပေးစ ပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ် မခံဘဲမနေရကြ။ ငါ သည် မြေကြီး သား ရှိသမျှ တို့အဘို့ ထား ကို မှာ လိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။
သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။
အကျွန်ုပ် ၏ဘုရား သခင်၊ နား တော်ကိုလှည့် ၍ နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့် ၍ အကျွန်ုပ် တို့ ပျက်စီး ရာများကို၎င်း၊ နာမ တော်ဖြင့် သမုတ် သော မြို့ ကို၎င်း ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့သည် ကိုယ် ကုသိုလ် ကို အမှီ မ ပြု၊ မဟာ ကရုဏာ တော်ကိုသာ အမှီ ပြု၍ ပဌနာ စကားကို ရှေ့ တော်၌ ဆက်ကပ်ပါ၏။
ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ထ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ ၍လိုချင် သမျှ ကို ပေး လိမ့်မည်။
အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။