TSK

TSK · ထွက်မြောက်ရာကျမ်း။ 16:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။

¶ ငါ နေ၍ မ ပြော နိုင်ဟုဆိုရသော ကာလ သည် မနီး၊ ဆိုး သောကာလ မ ရောက် မှီ၊ ယခုအသက် ပျိုစဉ်အခါ ပင်၊ သင့် ကို ဖန်ဆင်း တော်မူသောအရှင်ကို အောက်မေ့ လော့။

¶ ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။