မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
TSK
TSK · ထွက်မြောက်ရာကျမ်း။ 21:1
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ စီရင် ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ ပညတ် တရားလမ်းသို့ လိုက် ခြင်းငှါ စောင့်ရှောက် ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
သင် တို့သည် သွား ၍ ဝင်စား သော ပြည် ၌ ကျင့် စရာဘို့ သင် တို့အား ငါသွန်သင် ရသော စီရင် ထုံးဖွဲ့ချက်တို့ကိုလည်း ၊ ထိုအခါ ထာဝရဘုရား သည် ငါ့ အား မှာ ထား တော်မူ၏။
¶ တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
¶ သင် တို့နှင့် သား မြေး တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊
သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။
အမြို့မြို့ ၌ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် ၊ သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။
ညီအစ်ကို မှူးမတ် တို့၌ မှီဝဲ လျက်၊ ဘုရား သခင်၏ ကျွန် မောရှေ အားဖြင့် ထား တော်မူသော ဘုရား သခင်၏ တရား တော်အတိုင်း ကျင့် ပါမည်ဟူ၍၎င်း၊ ငါ တို့အရှင် ထာဝရဘုရား ၏ ပညတ် တော်များ၊ စီရင် ထုံးဖွဲ့ တော်မူချက်ရှိသမျှ တို့ကို စောင့်ရှောက် ပါမည်ဟူ၍၎င်း ၊
ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။
ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ဟောရပ် အရပ်၌ ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။
¶ ကြွင်း သေးသော စကားဟူမူကား ၊ ညီအစ်ကို တို့၊ သင် တို့သည် အဘယ်သို့ ကျင့် ရမည်၊ ဘုရားသခင် ကို အဘယ်သို့နှစ်သက် စေရမည်ကို ငါ တို့ထံ၌ နည်းခံ ကြသည်နှင့်အညီ တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ၊ သခင် ယေရှု ကိုအမှီပြု လျက်၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်း သွေးဆောင်ကြ၏။