TSK

TSK · ကမ္ဘာဦးကျမ်း 16:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။

ဤအရပ်ကား၊ အဘယ်မျှလောက်ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင် ၏ ဘုံ ဗိမာန်၊ ကောင်းကင် တံခါး ဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ ခြင်းသို့ ရောက်၍ ဆို ၏။

ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။

တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊

ထို အရပ်၌ ဂိဒေါင် သည် ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ၍ ၊ ယေဟောဝါ ရှာလုံ အမည်ဖြင့် မှည့် လေ၏။ အဗျေဇာ သား၏ နေရာဩဖရ ရွာ၌ ယနေ့ တိုင်အောင် ရှိသတည်း။

လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။