TSK

TSK · ကမ္ဘာဦးကျမ်း 21:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။

ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။

သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။

ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။

ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။