TSK

TSK · ကမ္ဘာဦးကျမ်း 39:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။

သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။

ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။

ထို လူမျိုး သည် အဲဂုတ္တု လူတို့ထံ၌ မျက်နှာရ သော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက် သွားသောအခါ လက်ချည်း မ သွား ရကြ။

တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။

မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင် သော အခွင့်နှင့် နန်းတော် အုပ် ၊ နိုင်ငံ တော်အုပ် အရာ၌ ထိုသူ ကို ခန့် ထားတော်မူ၏။

လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ၊ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။

သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။

အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။

သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။

ခရစ်တော် ၏ နာမ ကြောင့် ကဲ့ရဲ့ ခြင်းကိုခံရလျှင် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီး သောဝိညာဉ် တော်သည် သင် တို့အပေါ်မှာ ကျိန်းဝပ် တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။