ယောသပ် က ၊ ဤ ပြည်၌ အကျွန်ုပ် အား ဘုရားသခင် ပေး သနားတော်မူသောအကျွန်ုပ် ၏ သား ဖြစ်ပါသည် ဟု အဘ အားဆိုသော် ၊ အဘက၊ ငါ့ ထံ သို့လာ ပါစေလော့။ သူ တို့ကို ငါကောင်းကြီး ပေးမည်ဟု ဆို ၏။
TSK
TSK · ဟေဗြဲဩဝါဒစာ။ 2:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ အကျွန်ုပ် ကို စောင့် မတော်မူပါဘုရား။ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။
အိုဘုရား သခင်၊ ကရုဏာ တော်သည် အလွန် မြတ်နိုး ဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူ သား တို့သည် အတောင် တော်အရိပ် ကို ခိုလှုံ လျက်နေရကြပါ၏။
ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။
ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
ထာဝရဘုရား သည် သူ့ ကို နှိပ်စက် ခြင်းငှါအလို တော် ရှိ၍ နာ စေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ် ကိုပူဇော် ပြီးမှ ၊ အမျိုး အနွယ်တော်ကို မြင် ရလိမ့်မည်။ အသက် တော်လည်း ရှည် လိမ့်မည်။ ထာဝရဘုရား ၏ အကြံ တော်သည်လည်း သူ ၏လက် ၌ ပြည့်စုံ ခြင်းသို့ ရောက်လိမ့်မည်။
ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။
သင် တို့တွင် ခရစ်တော် ၏အကြောင်း ကို သင်ပေး သော ဆရာတစ်သောင်း ရှိငြား သော်လည်း၊ အဘ အများ မ ရှိ။ ဧဝံဂေလိ တရားအားဖြင့် ငါ သည် သင် တို့ကို ယေရှု ခရစ် ၌ ဖြစ်ဘွား စေပြီ။