TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 36:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီး ရှေဗန ၊ အာသပ် သား အတွင်းဝန်ယောအာ တို့သည် မိမိတို့အဝတ်ကို ဆုတ် လျက် ၊ ဟေဇကိ မင်းထံသို့ လာ ၍ ရာဗရှာခ စကား ကိုကြား လျှောက်ကြ၏

¶ ငါ သည်စကား ဖြင့် မျှ မပြစ်မှား မည်အကြောင်း၊ ကိုယ် ကျင့် ကို သတိ ပြုမည်။ မတရား သောသူသည် ငါ့ ရှေ့ မှာ ရှိ စဉ်၊ ငါ သည်ကိုယ်နှုတ် ကို ချည်နှောင် မည်ဟု ငါပြော ထား၏။

မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။

ဖြူစင် သောအရာ ကို ခွေး တို့အား မ ပေး ကြနှင့်။ ပုလဲ ရတနာတို့ကို ဝက် တို့ရှေ့ မှာမ ချ မထားကြနှင့်။ သို့ပြုလျှင်ထိုအရာတို့ကို ကျော်နင်း ၍ သင် တို့ကိုလှည့် လျက် ကိုက်ဖြတ် ကြလိမ့်မည်။