ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 49:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
သင့်ကို အဘယ်သူမျှရှောက် ၍ မ သွားရမည် အကြောင်း၊ သူတပါးတို့သည် သင့် ကို စွန့်ပစ် ရွံရှာ ကြ သည်အတွက် ၊ ငါသည် သင့် ကို ထာဝရ အထွဋ် အမြတ်ဖြစ် စေမည်။ လူမျိုး အစဉ်အဆက်ဝမ်းမြောက် စရာအကြောင်းလည်း ဖြစ် စေမည်။
သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
¶ စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
အဘယ်သို့ နည်းဟူမူကား၊ ပကတိ ရိုင်း သော သံလွင်ပင်မှ သင့် ကိုခုတ် ယူ၍ ၊ ကောင်းသော သံလွင်ပင်၌ ပကတိ ကို မလိုက်ဘဲ ဆက် ၍စိုက် သည် မှန်လျှင်၊ ပကတိ အခက်ဖြစ်သော ထိုသူ တို့သည် မိမိ တို့ သံလွင် ပင်၌ ဆက် ၍စိုက်သောအခွင့်ကို သာ၍ ရကြမည် မဟုတ်လော။
ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။