TSK

TSK · ရှင်ယာကုပ်ဩဝါဒစာ။ 2:5

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။

ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။

သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။

မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။

ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။

တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။

နှိမ့်ချ ဆင်းရဲ သော အမျိုး ကို သင့် အလယ် ၌ ငါချန် ထားမည်။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော် ကို ခိုလှုံ ကြလိမ့်မည်။

ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။

မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။

¶ ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”

¶ လမ်း ၌ သွား ကြစဉ် လူတစ်ဦး က၊ သခင် ကိုယ်တော်ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။

သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။

အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။

သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။

ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။

အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။

အကြောင်းမူကား ၊ ငါ တို့သခင် ယေရှု ခရစ် သည် စည်းစိမ် ရှိ သော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့်သင် တို့သည်စည်းစိမ် ရှိစေခြင်းငှာ ၊ သင် တို့အတွက် ကြောင့် ဆင်းရဲ ခြင်းကိုခံတော်မူသော ကျေးဇူး တော်ကို သင်တို့ သိ ကြ၏။

စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊ အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊

သင် တို့သည် ဘုရားသခင် ၏နိုင်ငံ တော်အတွက် ဆင်းရဲ ခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှာ ၊ တရား သဖြင့် ဘုရားသခင် စီရင် တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့်ထင်ရှား လျက်ရှိ၏။

ယခု မှစ၍ဓမ္မ သရဖူ သည် ငါ့ အဘို့သိုထား လျက်ရှိ၏။ ထို နေ့ရက် ၌ တရား သဖြင့် စီရင် သောသူ တည်းဟူသောသခင် ဘုရားသည် ထို သရဖူကို ငါ ၌အပ်ပေး တော်မူမည်။ ထိုမျှမက ၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တ သောသူ အပေါင်း တို့၌ လည်း အပ်ပေးတော်မူမည်။

အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုး ကို ထောက်စာ မြော်လင့်လျက်နေ၏

စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။

သင် အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲ ခြင်းကိုငါသိ ၏။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်း ရှိ ၏။ ယုဒ လူဖြစ် ယောင်ဆောင်၍ ယုဒလူမှန်မ ဟုတ်၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။

အောင်မြင် သောသူ သည် ဤ အရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ ၏ ဘုရားသခင် ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။