သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 49:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။