TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 5:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။

အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။

မိုက် သောသူသည် ပညာ ကိုအလို မ ရှိသည် ဖြစ်၍ ၊ ပညာ အဘိုးကို အဘယ် ကြောင့်သူ၌အပ်ရ သနည်း။

အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။

အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။

ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊

သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။

ဧဖရိမ် သည် ဉာဏ် မ ရှိ၊ မိုက် သော ချိုး နှင့် တူ၏။ အဲဂုတ္တု ပြည်ကို ဟစ်ခေါ် တတ်၏။ အာရှုရိ ပြည်သို့ ပြေး တတ်၏။

မျက်စိ ရှိ လျက်ပင်မ မြင် ၊ နား ရှိ လျက်ပင် မ ကြား ၊ စိတ်မ အောက်မေ့ ဘဲနေကြသလော။”

သင်တို့သည် ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲ မြင် ကြလိမ့်မည်ဟု ထို လူမျိုး ရှိရာသို့ သွား ၍ပြော လော့။