TSK

TSK · ယောဘဝတ္ထု။ 18:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်း တို့သည်လည်း ၊ ဘိုးဘေး တို့ စုဝေး ရာသို့ ရောက်ကြ ၏။ ထာဝရဘုရား ကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု တို့ကို၎င်း မ သိ သော နောင် ကာလ အမျိုးသားတို့သည် ပေါ် လာကြ၏။

ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။

ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊

ကိုယ်တော် ကို မ သိ သောတပါး အမျိုးသား တို့ အပေါ် သို့၎င်း၊ နာမတော် ကို ပဌနာ မပြုသော တိုင်း နိုင်ငံသားတို့အပေါ် သို့၎င်း၊ အမျက် တော်ကို သွန်းလောင်း တော်မူပါ။

ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။

သူတို့သည် ဘုရားသခင် ကို သိ ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။