TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 10:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သို့ဖြစ်၍ ၊ ကိုယ်တော် ထံ ၌ ကျက်စား သော သိုးစု တည်းဟူသော ကိုယ်တော် ၏လူ အကျွန်ုပ် တို့သည် ကိုယ်တော် ကို အစဉ် မပြတ်ချီးမွမ်း ၍၊ ဂုဏ် ကျေးဇူးတော် ကို အစဉ် အဆက် ဖြစ်လတံ့သောသူတို့အား ဘော်ပြ ကြပါမည်။

ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။

ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။

¶ ငါအမှန်အကန် ဆို သည်ကား၊ သိုး ခြံ ထဲသို့ တံခါးဝ ဖြင့် မ ဝင် အခြား လမ်းဖြင့်ကျော်ဝင် သောသူ သည် သူခိုး ဓားပြ ဖြစ် ၏။

¶ ယေရှု က၊ ငါ သည်လမ်း ခရီးဖြစ် ၏။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏။ ငါ့ ကို အမှီ မ ပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက် ရ။

ထိုကြောင့် ညီအစ်ကို တို့၊ ယေရှု ၏ကိုယ်ခန္ဓာ တော်တည်းဟူသော ကုလားကာ အားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်း သစ် တွင်၊