TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 16:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ ထံသို့ မ ချဉ်း နှင့်။ ငါသည်သင့် ထက်သာ၍သန့်ရှင်း သည်ဟု ဆို တတ်၏။ ထို သို့သောသူတို့ သည် ငါ့ နှာခေါင်း ၌ မီးခိုး ကဲ့သို့၎င်း၊ အစဉ် လောင် သောမီး ကဲ့သို့၎င်း ဖြစ်ကြ၏။

¶ တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။

ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။

ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။

သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။

မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။

¶ ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊

အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။

ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။

အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း ၊

ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။