TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 21:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။

ထို စကား တော်၏အနက် မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်း မ မေး မလျှောက်ဝံ့ကြ။

တပည့်တော်တို့သည်မေးလျှောက် လို သည်ကို ယေရှု သိမြင် တော်မူလျှင်၊ ခဏ ကြာပြီးမှ သင်တို့သည် ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်ဟု ငါပြော သောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင် ကြသလော။

လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။