TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:28

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ တော ၌ ဟစ်ကျော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွ တော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။

အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။

အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။

ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။