TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:29

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။

ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။

သို့သော်လည်း ထိုဘုရားသခင် ကို သင်တို့မ သိ ကြ။ ငါ မူကား သိ ၏။ ငါမ သိ ဟုငါဆို လျှင် သင် တို့ကဲ့သို့ မုသာ သုံးသောသူဖြစ် လိမ့်မည်။ ထိုဘုရားသခင် ကို ငါသိ ၏။ ဘုရားသခင် ၏ စကား တော်ကိုလည်း နားထောင် ၏။

ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊

ကိုယ်တော်သည်အကျွန်ုပ် ကို ဤလောက သို့ စေလွှတ်တော်မူ သည်နည်းတူ ၊ အကျွန်ုပ် သည် ဤသူ တို့ကို စေလွှတ် ပါ၏။

ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။

လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။