TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 9:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။

သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။

ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။

¶ အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။

ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။

¶ ယေရှု ကလည်း၊ သင် သည်ယုံ လျှင် ဘုရားသခင် ၏ဘုန်း အာနုဘော်တော်ကို မြင် ရလိမ့်မည်၊ ငါပြော ပြီ မ ဟုတ်လော ဟု မိန့် တော်မူ၏။

ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။