ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍၊ အာနုန် ချောင်းမှ သည် ယဗ္ဗုတ် ချောင်း တိုင်အောင် ၎င်း၊ အမ္မုန် အမျိုးသား နေရာတိုင်အောင် ၎င်း၊ ထိုမင်းပိုင်သော မြေ ကို သိမ်းယူ ကြ၏။ အမ္မုန် အမျိုးသား နေရာ နယ်စပ် ကား အားကြီး ၏။
TSK
TSK · ယောရှုမှတ်စာ။ 13:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။
ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။