ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။
TSK
TSK · တရားသူကြီးမှတ်စာ 21:25
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် ၊ မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း မ ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ၊
ငါ တို့၏ သခင် ကား အဘယ်သူ နည်းဟု ပြောဆို သော သူတို့၏ချော့မော့ သောနှုတ်ခမ်း နှင့် ဝါကြွား သောလျှာ ရှိသမျှ တို့ကို ထာဝရဘုရား သည် ဖြတ် တော်မူမည်။
လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။
¶ ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။