ငါ နေ သော တပ် ကို မ ညစ်ညူး စေခြင်းငှါ၊ ဣသရေလ အမျိုးသား တို့သည်၊ နူ သောသူ၊ ရိနာစွဲ သောသူ၊ အသေကောင် ထိ၍ မစင်ကြယ် သောသူယောက်ျား မိန်းမ အပေါင်း တို့ကို၊ တပ် ပြင် မှာ နေရာ ချထားရမည်အကြောင်း ဆင့်ဆို လော့ဟု၊
TSK
TSK · ဝတ်ပြုရာကျမ်း 13:46
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ မြို့ တံခါးဝ ၌ ထိုင်လျက်ရှိ သောလူ နူ လေး ယောက်တို့က၊ ငါတို့သည် သေ သည်တိုင်အောင် အဘယ် ကြောင့်ဤ အရပ်၌ ထိုင် ရမည်နည်း
ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ ၊ ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
¶ စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ၌ ငါရေး ထားခဲ့ပြီ။
ဤ စာ ၌ ငါ တို့ရေးထားသော ပညတ် စကားကို တစ်စုံတစ်ယောက် သောသူသည် နား မ ထောင်ဘဲ နေလျှင် ၊ ထို သူကိုမှတ် ကြလော့။ ရှက်ကြောက် စေခြင်းငှာ ၊ အပေါင်းအဖေါ် မ လုပ်ကြနှင့်။
သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင် ၏ ကျေးဇူး တော်ကို မ ရဘဲမနေစေခြင်းငှာ၎င်း ၊ ခါး စွာသော ပင် မြစ်ပေါက် ၍ သင်တို့နှောင့်ရှက် သဖြင့်၊ လူအများ တို့သည် အပြစ်နှင့်မညစ်ညူး စေခြင်းငှာ၎င်း
ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။