သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသောတပါး အမျိုးသားဖြစ်စေ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သော သူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပြည် သား တို့လည်း ခဲ နှင့် ပစ် ရကြမည်။
TSK
TSK · ဝတ်ပြုရာကျမ်း 18:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။
သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
¶ ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။
ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏
မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
ကိုယ် သား သမီး တို့ကို နတ်ဆိုး တို့အား ယဇ် ပူဇော်ကြ၏။
ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။
ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊
သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။
အကြောင်းမူကား ၊ ကျမ်းစာ၌ လာ သည်နှင့်အညီ၊ တစ်ပါး အမျိုးသားတို့သည် သင် တို့အကျင့်ကို ထောက် ၍ဘုရားသခင် ၏နာမ တော်ကို ကဲ့ရဲ့ တတ်ကြ၏။