TSK

TSK · ဝတ်ပြုရာကျမ်း 21:5

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။

¶ သင် တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ၏ သား ဖြစ်ကြ၏။ သေ သောသူအတွက် အသားကို မ ခုတ် မရှရ။ မျက်မှောင် ကြား မှာ အမွေးကို မ ရိတ် ရ။

ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊

လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။

သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။