TSK

TSK · ရှင်လုကာခရစ်ဝင်။ 21:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။

ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။

ဤ အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။

ဝင်း တော်ကို တောင်ယာ ခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက် တော်မူပြီ။ မိမိ ပွဲသဘင် တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန် မြို့၌ ခံ သော ဓမ္မပွဲနေ့၊ ဥပုသ် နေ့တို့ကို ထာဝရဘုရား မေ့ စေတော်မူပြီ။ အမျက် တော်အရှိန် ပြင်း၍ ရှင်ဘုရင် နှင့် ယဇ် ပုရောဟိတ်ကို မ ရှုမမှတ်ပြုတော်မူပြီ။

ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။

¶ အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။

ယေရှု ကလည်း ၊ ဤ အရာအလုံးစုံ ကို သင် တို့သည်မြင် ကြသည်မ ဟုတ်လော။ ငါအမှန် ဆို သည်ကား၊ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခုမျှမ တည် မနေရ ဟု မိန့် တော်မူ၏။

သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ မ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။