TSK

TSK · ရှင်လုကာခရစ်ဝင်။ 8:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရားသည် သင် ၏ဂုဏ် အသရေ၊ သင် ၏ဘုရား သခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိ နှင့် မြင် သည်အတိုင်း ၊ ကြောက်မက် ဘွယ်သော အမူအရာကြီး တို့ကို သင့် အဘို့ ပြု တော်မူပြီ။

ထိုအခါ ငါ တို့နှုတ် သည် ရယ် ခြင်းနှင့်၎င်း၊ ငါ တို့ လျှာ သည် သီချင်း ဆိုခြင်းနှင့်၎င်း ပြည့်ဝ ၏။ တပါးအမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် သူတို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီဟု ဆို ကြ၏။

ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။

ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။

မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏ ။