TSK

TSK · ရှင်မာကုခရစ်ဝင်။ 1:28

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။

သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောစေ၏။

စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊

ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။