¶ ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 1:4
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ သည် နောင်တ အဘို့ အလိုငှာ သင် တို့ကို ရေ နှင့် ဗတ္တိဇံ ပေး၏။ ငါ့ နောက် ကြွလာ သောသူ သည် ငါ့ ထက်တတ်စွမ်း နိုင်၏။ ထိုသူ ၏ခြေနင်း တော်ကိုမျှဆောင် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ မီး နှင့် ၎င်း၊ သင် တို့ကို ဗတ္တိဇံ ပေးမည်။
အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။
ပေါလုကလည်း၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ် မည်သောဗတ္တိဇံ ကို ခံကြသနည်းဟု မေး လျှင် ၊ ယောဟန် ၏ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆို ကြ၏။