သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 10:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင် တို့ဘိုးဘေး များကို ချစ် တော်မူသောကြောင့် ၊ သူ တို့ အမျိုးအနွယ် ကို ရွေးကောက် တော်မူပြီ။
ယောရှု သည် မောရှေ မှာ ထားသော စကား တခွန်းကိုမျှ မ ချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်း နိုင်ငံသားပါသောဣသရေလ အမျိုးသားပရိတ်သတ် အပေါင်း တို့ ရှေ့ မှာ အကုန်အစင်ဘတ်ရွတ် လေ၏။
ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊
သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။
¶ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် မ မြင့် ပါ။ မျက်နှာ လည်း မ မော် ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့် သော အမှု တို့၌ မ ကျင်လည် ပါ။
ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊
အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။
အဦး နယ်သော မုန့်စိမ်းသည်သန့်ရှင်း လျှင် ၊ တပုံ လုံးသန့်ရှင်းလိမ့်မည်။ အမြစ် သန့်ရှင်း လျှင် ၊ အခက်အလက် များလည်း သန့်ရှင်းကြလိမ့်မည်။
အကြောင်းမူကား ၊ မယုံကြည် သောလင် သည် မိမိမယား အဘို့ စင်ကြယ် ၏။ မယုံကြည် သော မယား သည်လည်း မိမိလင် အဘို့ စင်ကြယ် ၏။ သို့မဟုတ် လျှင်သင် တို့၏ သားသမီး သည် မ စင်ကြယ်။ ယခု တွင် စင်ကြယ် ကြ ၏။
အမျက်ထွက် ရာတွင် အပြစ် မ ရှိစေနှင့်။
ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းအလိုငှာ ပညာကိုပေးနိုင် သော ဓမ္မ ကျမ်းစာ ကို ငယ် သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ် သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
ထို သူတို့သည် ကညာ ဖြစ်၍မေထုန်အမှုနှင့် မ ညစ်ညူး သော သူ ဖြစ် ကြ၏။ သိုးသူငယ် သွား လေရာရာအရပ် သို့ နောက် တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲ ကရွေးနှုတ် ၍ ဘုရားသခင် နှင့် သိုးသူငယ် အဘို့ အဦး သီးသော အသီးဖြစ်ကြ၏။