TSK

TSK · ရှင်မာကုခရစ်ဝင်။ 10:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။

ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊

ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။

ယေရှု ခရစ်၏ ဆင်းရဲ ခြင်းဒုက္ခမှစ၍ နိုင်ငံ တော်ကို၎င်း၊ သည်းခံ တော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူဆက်ဆံသော အဘော်အဘက်က၊ သင် တို့အစ်ကို ငါ ယောဟန် သည်၊ ဘုရားသခင် ၏ နှုတ်ကပတ် နှင့် ယေရှု ခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မု ကျွန်း မှာ နေ ရစဉ်တွင်၊