TSK

TSK · ရှင်မာကုခရစ်ဝင်။ 12:40

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သူတပါး၏အိမ် နှင့် လယ်ယာ တို့ကို တပ်မက် ၍ အနိုင်အထက် သိမ်းယူလျက် ၊ လူ နှင့် သူ ၏အိမ် ကို၎င်း၊ လူကြီး နှင့် သူ ၏အမွေ ဥစ္စာကို၎င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ၏။

သင်တို့သည် ဆုတောင်း သောအခါ သာသနာပ လူနည်းတူ အချည်းနှီး သောစကားဖြင့် အထပ်ထပ်မ မြွက်ကြနှင့်။ ထိုသူတို့သည် များစွာ သောစကားအားဖြင့် မိမိ တို့အလို ပြည့်စုံမည်ဟု ထင်မှတ် ကြ၏။

လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။

မြွေဆိုး အမျိုး တို့၊ သင်တို့သည် အပြစ် ငရဲ မှ အဘယ်သို့ လွတ် နိုင်ကြမည်နည်း။

သူတို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ် မပေါ်စေခြင်းငှာရှည် စွာသောပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုသူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကိုခံရ ကြလတံ့ ဟု မိန့် တော်မူ၏။