ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
TSK
TSK · ရှင်မာကုခရစ်ဝင်။ 12:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။
အချင်းငါ ၏တောင် ၊ လယ် ၌ ရှိသောသင် ၏ဥစ္စာ နှင့်သိုထားသမျှ သောဥစ္စာ ကို၎င်း ၊ ပြည် တရှောက် လုံး ၌ သင် ပြစ်မှား ရာ၊ မြင့် သောအရပ်တို့ကို၎င်း၊ လုယူ သောသူတို့ လက်သို့ ငါအပ် မည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။
မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ၌ ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။
ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။
¶ ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍ ၊
ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။
ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။