TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ညဦးယံ အချိန်၌ ထ ၍အော်ဟစ် လော့။ ထာဝရ ဘုရား ၏မျက်နှာ တော်ရှေ့ မှာ သင် ၏နှလုံး ကို ရေ ကဲ့သို့ သွန်းလောင်း လော့။ ငတ်မွတ် ၍ ခပ်သိမ်း သော လမ်း ဝ မှာ အားပျက် လျက်နေသောသင် ၏သူငယ် တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံ တော်သို့ သင် ၏လက် ကို ချီ ဆန့်လော့။

စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။

ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။

ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။