TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။

ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။

သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။

¶ ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။

မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။

ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။

ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။

အထက် မိုးကောင်းကင် ၌ အံ့ဘွယ် သောအရာတို့ကို၎င်း ၊ အောက် အရပ်မြေကြီး ပေါ်၌ သွေး ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောပုပ္ပ နိမိတ်တို့ကို၎င်း ငါပြ မည်။

မိုဃ်း ကောင်းကင်သည် မီး နှင့်ပျက် ၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင် ၏ နေ့ ရောက် လိမ့်မည်ဟုသင် တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်း သောအကျင့်ကိုကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ် အပ် ကြသနည်း။

တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။