TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:35

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့သည် ထာဝရဘုရား ကို အမျက် တော် ထွက်စေခြင်းငှာ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသောအပြစ် ရှိသမျှ တို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် ၍ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲနေရ၏။

ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။

သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”

ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။

အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ အဆက်ဆက် အသက် ရှင် တော်မူသော သူ ကို ကိုးကွယ် လျက် ၊