TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:65

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။

ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။

မထီမဲ့မြင် ပြုခြင်းကိုခံ ၍ ၊ လူ တို့တွင် အယုတ် ဆုံး သောသူဖြစ် ၏ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာ နှင့် ကျွမ်းဝင် သောသူဖြစ် ၏။ သူတပါးမျက်နှာ လွှဲ ခြင်းကို ခံရသော သူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မ ရိုသေ ကြ။

ခေါင်း တော်ကို ကျူလုံး နှင့် ရိုက် ခြင်း၊ တံထွေး နှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူး ထောက် ၍ ပြပ်ဝပ် ခြင်း ကိုလည်း ပြုကြ၏။

ထိုသို့ မိန့် တော်မူလျှင်၊ အနီးအပါး၌ရပ် နေသော မင်းလုလင် တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ် မင်းကို ဤသို့ ပြန်ပြော ရသလောဟုဆို လျက် ယေရှု ကိုရိုက် လေ၏။

ယဇ်ပုရောဟိတ် မင်းအာနနိ က၊ သူ ၏နှုတ် ကို ရိုက် လော့ဟု အနား၌ ရပ် နေသောသူ တို့အား အမိန့် ရှိ၏။