TSK

TSK · ရှင်မာကုခရစ်ဝင်။ 16:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ပင်တေကုတ္တေ ပွဲနေ့ ရောက် သောအခါ ထိုသူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းစည်းဝေး ၍နေ ကြ၏

တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊

ထိုကြောင့် ကြာမြင့် စွာနေ ၍ သခင် ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူး တရား တော်ဘက်၌ သက်သေခံ တော်မူလျက်၊ တမန်တော် တို့သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုတို့ကိုပြု နိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။

ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါ သည် ယေရုရှလင် မြို့မှစ၍ ဣလုရိတ် ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော် ၏ ဧဝံဂေလိ တရားကို အကုန်အစင် ဟောပြောခဲ့ပြီ။

ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။

ထိုသက်သေခံသောသူတို့နှင့်အတူဘုရားသခင် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအားဖြင့် ၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်သည် မိမိ အလို တော်အတိုင်း ဝေငှ သော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံ တော်မူပြီ