TSK

TSK · ရှင်မာကုခရစ်ဝင်။ 2:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဇိအုန် သတို့သမီး တို့၊ လက်ထပ် မင်္ဂလာဆောင်သောနေ့ ၊ နှလုံး တော်ရွှင်လန်း သောနေ့ ၌ မယ်တော် တင် သော ဦးရစ် သရဖူကို ဆောင်းတော်မူသောရှောလမုန် မင်းကြီး ကို သွား ၍ ဖူးမြင် ကြလော့။

လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။

¶ ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။

မင်္ဂလာဆောင်သတို့သမီး ကိုရ သောသူ သည်မင်္ဂလာဆောင် လုလင်ဖြစ် ၏။ မင်္ဂလာဆောင်လုလင် ၏ အနားမှာ နေ၍ သူ ၏စကားကိုကြား ရသော အဆွေ ခင်ပွန်းသည်ထိုစကား သံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ ၏ဝမ်းမြောက် ခြင်းပြည့်စုံ ၏။

ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။

ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။

ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။

တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။

ထိုသူ တို့သည်သခင် ဘုရား ဝတ် ကိုပြု၍ အစာ ကို ရှောင်ကြစဉ်၊ သန့်ရှင်း သောဝိညာဉ် တော်က၊ ငါခန့်ထား သောအမှု ကို ဆောင်ရွက်စေခြင်းငှာ ဗာနဗ နှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့် တော်မူသည် အတိုင်း၊

အချင်းချင်း ခင်ပွန်းဝတ်ကို မ ပယ် မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်း ခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှာ၊ သဘောတူ ၍ ခင်ပွန်းဝတ်ကိုခဏ မျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ ရှောင် လျှင် ၊ ကိုယ် ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန် သည် အပြစ် သို့ သွေးဆောင်ရသော အခွင့်မ ရှိစေခြင်းငှာ ၊ နောက် တဖန် အတူ နေ ကြလော့။

အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။

ငါတို့သည် ဝမ်းမြောက် ရွှင်လန်း ကြကုန်အံ့၊ ဂုဏ် တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲကိုခံ ချိန်ရှိပြီ။ သူ ၏ မိန်းမ သည်ကိုယ် ကို တန်ဆာ ဆင်ပြီဟု စည်းဝေး သော သူအများ တို့၏ အသံ ၊ သမုဒ္ဒရာ သံ ၊ ပြင်းစွာ သောမိုဃ်းကြိုး သံ ကဲ့သို့ ငါကြား ၏။