TSK

TSK · ရှင်မာကုခရစ်ဝင်။ 3:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ အသံ မ လျော့ ဘဲ ကြွေးကြော် လော့။ တံပိုး သံကဲ့သို့ အသံ ကိုလွှင့် ၍ ၊ ယာကုပ် အမျိုးသား ဖြစ်သော ငါ ၏ လူ တို့အား ၊ သူ တို့ဒုစရိုက်အပြစ် ကို ဘော်ပြ လော့။

ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။

ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ် ၍ ၊ အခြား သူမပါဘဲမြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ သူ တို့ရှေ့ ၌ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊

ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။

¶ ယေရှု ချစ် တော်မူ၍ အထက်က ညစာ စားသောအခါ၌ ရင် တော်ကိုမှီ ၍လျောင်း လျက်၊ သခင် ၊ ကိုယ်တော် ကို အပ်နှံ သောသူ ကား အဘယ်သူ နည်းဟု မေး သောတပည့် တော်သည်လည်း နောက် တော်သို့ လိုက် သည်ကို ပေတရု သည်လှည့် ၍မြင် လျှင်၊

ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏