TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရား ၏ အိမ် တော်၌ စိုက်ပျိုး သောသူတို့ သည် ငါ တို့ဘုရား သခင်၏ တန်တိုင်း တော်တွင် ပွင့်လန်း ကြလိမ့်မည်။

ကိုယ်တော်သည် ဆင်းရဲ သောသူတို့ ခိုလှုံ ရာ၊ ငတ်မွတ် သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံ ရာဖြစ် တော်မူ၏။ ထရံ ကို တိုက်သော မိုဃ်းသက်မုန်တိုင်း ကဲ့သို့ ၊ ကြောက်မက် ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်းလွတ်ရာ၊ နေ ရောင်ကွယ်ကာ ရာ ဖြစ် တော်မူ၏။

နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန ၏ ခေါင်း ကို နေ ထိခိုက် သဖြင့် သူသည် မော ၍ သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက် သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။

ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွား ပြည့်စုံလျက်၊ ထိုသခင် ၌ ကျင်လည် ကြလော့။

နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။

သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။