လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်း ၊ ယေရှုရှလင် မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 6:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထို အခါ စော်ဘွား ဟေရုဒ် သည် ယေရှု ၏သိတင်း တော်ကိုကြား လျှင် ၊
ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က ဧလိယ ဖြစ်သည် ဟူ၍၎င်း ၊ အချို့ က ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။
¶ ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
အဘယ်သို့ နည်းဟူမူကား၊ သင် တို့ထံက ၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတော်အသံ သည်၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ကျော်စောသည်သာမက ၊ ဘုရားသခင် ကို သင် တို့ ယုံကြည် ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြား လေ၏။ သို့ဖြစ်၍ ငါ တို့သည် တစ်စုံတစ်ခု ကိုမျှ ပြော စရာအကြောင်း မ ရှိ ။